kahite aneka katha du0kha aipanara /
rosange asiya hailun raja- achoyara //
bahu musalmana saba rosange baisanta /
sadacari kulina pa00ita gu0avanta //
sabe k0pa karenta sambha0a bahutara /
alima olama bali karenta adara //
mukhya pa0esvarira amatya mahajana /
satyavadi jitendriya0hakura Magana //
bhagyodaya haila mora vidhi parasana /
du0kha nasa hetu tana sa0geta milana //
aneka adara kari bahula sammana /
satafa po0anta anna vastra dana //
madhura alape vasa haila mora mana /
tana gu0a sutra haila grivate bandhana //
ဖော်ပြပါ ပါဒ်မဝတီ လင်္ကာပိုဒ်၌ အတွင်းဝန်ချုပ် မဂံ တဂိုးသည် စာဆို၏ ပထမဦးဆုံး စောင့်ရှောက် အားပေးသူဖြစ်ကြောင်း၊ အာရ်ကာန်ပြည် ရောက်သူ့အတ္တပ္ပတ္တိကို လည်းကောင်း၊ အာရ်ကာန်ပြည်၌ ရိုဟင်ဂျာမွတ်စလင်လူဦးရေ များပြားလှသည့် ဒေသအခြေအနေကို လည်းကောင်း ရေးဖွဲ့ထားသည်။ ထို့အပြင် ဤအပိုဒ်၌ စာဆိုသည် မဂံတဂိုးမှအပ အခြားမည်သည့် အဦးဆုံး ကျေးဇူးရှင်ကိုမျှ ဖော်ပြခြင်း မရှိခဲ့ချေ။ အတွင်းဝန်ချုပ် မဂံ သည် သူ့ ပထမဆုံး သူကောင်းပြုသည့် ကျေးဇူးရှင်ဖြစ်ကြောင်း ထင်ရှားနေ သည်။
Ragtalnama သည် တေးဂီတပေါ် ရေးသားသည့် သူ၏ အစောဆုံး ကဗျာရှည် ဖြစ်ပြီး အခြား ကဗျာ စာအုပ်များမှာ ဘာသာပြန်ခြင်း၊ ကျောရိုးယူခြင်းတို့ဖြစ်သည်။ သူ့ဘာသာပြန် ကဗျာများမှာ Padmavati သည် မာလိခ် မိုဟာမတ် ဂျယာစီ [Malik Mohammad Zayasi] ရေးသားသည့် ဟီန္ဒီ ဝတ္တု Padmavat ကို အခြေခံထား၍ သူ့ အပြောက်မြောက်ဆုံး လက်ရာအဖြစ် ပညာရှင်များက သတ်မှတ်ကြသည်။ မူရင်း ဇာတ်လမ်းမှာ စီဏ်ဟလာ မင်းသားနှင့် ချီတိုရ် ဘုရင်မ အကြောင်းကို စာပန်းချီ ရေးဖွဲ့ထားခြင်းဖြစ်သည်။
Satimayana-Lor-Chandrani သည် အာရ်ကာန် နန်းတွင်းစာဆို ဒိုလတ်ကာဇီ၏ မပြီးဆုံးနိုင်ခဲ့သော ကဗျာရှည်ကို အပြီးသတ် ရေးသားပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဤဝတ္တု၏ ပထမပိုင်းသည် စာဆိုတော် ဒိုလတ်ကာဇီက ရေးသားခဲ့ပြီး နောက်ဆုံးအပိုင်းကိုသာ အာလာဝလ်က ရေးသားခဲ့ခြင်းဖြစ်သည်။
katheka apana du0kha kahimu prakasi /
raja asoyara hainu rosa0gete asi //
srimanta choleman maha gu0avanta /
prra desi gu0i paile adara po0anta //
maha hara0ita haila paiya ahmare /
anna vastra dane nitya po0anta sadare //