ကရင်သတ်ပွဲ ( ၁၉၉၁ ခုနှစ် ဘိုကလေးအရေးခင်း ဖြစ်ရပ်မှန်)

ကရင်သတ်ပွဲ (ကရင်လူမျိုးများ မမေ့သင့်သောသမိုင်း) ၁၉၉၁ ခုနှစ် ဘိုကလေးအရေးခင်း ဖြစ်ရပ်မှန်

(ပြည်သူထူထုသိရမည့် သမိုင်းသင်္ခန်းစာအဖြစ် ခုခေတ်တွင်ပင် ပူပူနွေးနွေးဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်လူသတ်ပွဲတခု ကိုဖွင့်ချလိုက်ခြင်းဖြစ်ပါသည်)

၁၉၉၁ ခု အောက်တိုဘာလ (၂)ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မှ ပျောက်ကျားတပ်ဖွဲ့တဖွဲ့မြစ်၀ကျွန်းပေါ်ဘိုကလေးမြို့နယ်ရှိ တီတန့်ကျေးရွာ သို့ရောက်လာသည်။ ၀က်စုရဲစခန်းမှအစိုးရရဲတပ်ဖွဲ့က မင်္သကာသူ ဦးအားမောင်အားသွားရောက်ဖမ်းဆီးရာတွင် ဦးအားမောင်ထွက်ရာနောက်မှ လိုက်လံပစ်ခတ်သော်လည်းလွတ်မြောက်သွားသည်။ သေနပ်(၈)လက်ကျည်ဆံသေတ္တာ ၃လုံးနှင့်ကျည်ဆံတအိတ်ကို ရဲတပ်ဖွဲ့ကသိမ်းဆည်းရမိခဲ့သည်။

အောက်တိုဘာ(၃)ရက်နေ့တွင် ဘိုကလေးမြို့နယ် မ၀ကဥက္ကဌ ဗိုလ်မှူး မြင့်အောင်က စစ်တပ်နှင့် ရဲတပ်ဖွဲ့အင်အား (၅၀)နှင့် ကသမျှင်ရွာသို့ရောက်လာပြီးစစ်ဆေးမေးမြန်းမှုများပြုသည်။ ရွာလူကြီးများက သူတို့မသိရကြောင်းပြောကြသည်။ ကသမျှင်ရွာ ခရစ်ယန်သင်းအုပ်ဆရာ ဆရာအေးရွှေနှင့် ဘုရားကျောင်းအသင်း၀င်များက ဗိုလ်မှူး မြင့်အောင်အဖွဲ့ကို ထမင်းဟင်းဖြင့့့်ဧည့်ခံကျွေးမွေးကြသည်။ ထိုအချိန်တွင် ၀က်စုရဲများက လက်နက်သိမ်းဆီးရမိကြောင်းကို ဗိုလ်မှူး မြင့်အောင်အား လာရောက်သတင်းပို့သည်။ သို့ဖြစ်၍ဗိုလ်မှူးမြင့်အောင်နှင့်တချု ိ့အဖွဲ့၀င်များရှေ့ကြိုပြန်သွားကြသည်။

စက်လှေနှင့်ပြန်လိုက်လာသည့်ရဲတပ်ဖွဲ့ကို KNLA ပျောက်ကျားများဟုထင်ရသောလက်နက်ကိုင်အဖွဲ့တဖွဲ့က ကသမျှင်ရွာချောင်းကမ်းပါးမှ ခြုံခိုတိုက်ခိုက်သဖြင့်ရဲ (၁၇)ယောက်သေဆုံးသည်။ စစ်ကူလိုက်လာသည့်စစ်တပ် အဖွဲ့ကိုလဲ ကသဘောင်းရွာမှ အမျိုးအမည်မသိတပ်ဖွဲ့တဖွဲ့က ဆီးကြိုတိုက်ခိုက်သဖြင့် စစ်သား(၂)ဦးနှင့် ရဲတစ်ဦးကျဆုံးပြန်သည်။ ထိုပျောက်ကျားအဖွဲ့စက်လှေဖြင့် ရှောင်ပြေးနေစဉ် ထောင်ပိုင်ချောင်း၀တွင် အသင့်စောင့်နေသော အစိုးရတပ်က ဆီးကြိုတိုက်ခိုက်သဖြင့် တချို့သေဆုံးကျန်ရစ်ခဲ့ပြီး တချု ိ့ကန်ခမောက်ကြီးအရပ်ဘက်ကိုထွက်ပြေးသွားကြသည်။ အောက်တိုဘာလ(၅)ရက်နေ့တွင် အစိုးရကလေယဉ်နဲ့ ကန်ခမောက်တရွာလုံးကိုပစ်ခတ်ပြီး မြေပြင်မှလဲ ဝိုင်း၀န်းသဖြင့် အမည်မသိပျောက်ကျားအားလုံးအဖမ်းခံကြရသည်။ ဖမ်းမိသမျှကို နေရာတွင်ပင် ရိုက်နှက် ညှင်းပမ်းပြီး သတ်ပစ်လိုက်သည်။ အနီးအနာရှိ ကရင်ရွာအားလုံးကိုလဲ၀င်ရောက်ပြီး တွေ့သမျှလူကြီး၊မိန်းမနှင့် ကလေး မကျန်အားလုံးကို မြန်မာစစ်တပ်က ဖမ်းဆီးနှိတ်စက် သတ်ဖြတ်မှုကြီးစတင်လေတေ့ာသည်။

အောက်တိုဘာလ(၈)ရက်တွင် မော်ကျွန်းဘက်သို့ စက်လှေ (၄)စီး နှင့် တက်လာကြသည့် ပျောက်ကျားစစ်ကြောင်းကို ဘုရားစုရွာအနီးတွင် အစိုးရတပ်က စောင့်တိုက်သည်။ အစိုးရတပ်ဖွဲ့မှာလေယဉ်နှင့်လာကြသဖြင့် ခုလိုအချိန်မီစောင့်တိုက်နိုင်ခြင်းဖြစ်သည်ဟု အရပ်သားတချို့ကပြောသည်။ အမည်မသိ ပျောက်ကျား(၃)ဦး ကျရန်ရစ်ခဲ့သည်။ အရပ်သားများက ကရင်ပျောက်ကျား လှုံ့ဆော်ရေးခါင်းဆောင်တဦးဟု ထင်မြင်ခဲ့သော ဆရာအယ်ကြေးဆိုသူ အစိုးရလေယဉ်ပေါ်တက်လိုက်သွားခဲ့သည် ကို လူတချု ိ့မြင်လိုက်သဖြင့် သို့လော သို့လောထင်မြင်ချက် ပေးကြသည်။ တိုက်ပွဲပြီးသွားသောအခါ ကျန်ပျောက်ကျားအဖွဲ့၀င်များ မြောင်းမြမြို့နယ် ငပုတော ရွာတွင်စက်လှေငါးစီးဖြင်ရောက်နေသော တခြားပျောက်ကျားစစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းသည်။ အုန်းပင်စုရွာအနီးတွင် မြေပြင်မှအစိုးရခြေလျင်တပ်များနှင့် စစ်ရေယဉ်များက အပြင်းအထန် တိုက်ခိုက်ချိန်တွင် လေယဉ်ဖြင့်လည်း ဗုံးကျဲသဖြင့် ပျောက်ကျားဘက်က (၄၀)ခန့် သေဆုံးကျကျန်ခဲ့သည်။ အစိုးရတပ်ဘက်က ပျောက်ကျားများထက် ကျဆုံးမှုများပြားသည်ဟု မျင်မြင်သက်သေတချု ိ့က ပြောသည်။

အရပ်သားများနှင့်လွတ်မြောက်လာသူများ၏ပြောကြားချက်အရ ပျောက်ကျားခေါင်းဆောင် အိုင်ဖူးသည် အဝိုင်းခံနေရစဉ် ကျန်လူများအားလုံးကိုထွက်ပြေးစေပြီး အစိုးရတပ်ထိုးတက်လာသည့်လမ်းတွင် တဦးတည်း ပစ်ခတ်ခုခံရင်းကျဆုံးခဲ့့သည်ဟုသိရသည်။ အိုင်ဖူးသည် ရပ်ရွာအတွင်း စည်းရုံးရေးလုပ်ခဲ့သဖြင့် အရပ်သားတချို့က မှတ်မိနေသည်။ ထိုတိုက်ပွဲအပြီးတွင် ကရင်အရပ်သားများကို လှုံ့ ဆော်စည်းရုံးခဲ့သူတဦးဖြစ်သည့် ဝါးဒိုဆိုသူလည်း ကိုယ်ရောင်ပျောက်သွားသည်။ ဝါးဒို သည် အစိုးရစစ်တပ်မှ သပ်လျှိုထောက်လှမ်းရေးတဦးဖြစ်ဖွယ်ရှိပြီး အရပ်သားများကို ထချရန်ပြောင်တလင်းလိုက်ဆွခဲ့ခြင်းမှာလဲ ထောက်လှန်းရေးနည်းပရိယာယ်အရ ရန်သူ၏လှုပ်ရှားမှုကို မြင်ရအောင် ထောင်ခြောက်ဆင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အသက်ရှင်လွတ်မြောက်လာသူတချို့က ယူဆသည်။ မြစ်၀ကျွန်းပေါ်ကရင်များသည် ှဗမာစကားပြောကြသဖြင့်ဝါးဒိုကို ကရင်အမျိုးသားတဦးဟုတ်သည် မဟုတ်သည်ကိုလဲ ဘယ်သူမှ တပ်အပ်မသိကြပေ။ အောက်တိုဘာလ (၁၅)ရက်တွင် အထက်ပါကရင်ပျောက်ကျားတပ်ဖွဲ့ ကရင်ရွာကြီးတရွာဖြစ်သည့် တဲ့တဲ့တူးရွာချောင်း၀သို့ အရောက်တွင် အစိုးရတပ်မှ ဆီးကြိုတိုက်ခိုက်ပြန်သည်။ (၁၆)ရက်နေ့တွင် တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ကိုယ်တိုင် တဲ့တဲ့တူးရွာသို့ရဟတ်ယဉ်နှင့်ရောက်လာသည်။ ရဟတ်ယဉ်ပေါ်မှ အသံချဲ့စက်ဖြင့် ရာဇသံပေးသည်ကို ရွာသားများကြားခဲ့ရသည်။ ရာဇသံတွင် လက်နက်ချပါက သတ်ပစ်မည်မဟုတ်ကြောင်း၊ ဒေသခံပြည်သူများကိုလဲ ထွက်ပြေးသူများကို လိုက်လံစည်းရုံး ပေးကြရန်ကြေညာသည်။

မပြေးဘဲကျန်သော ရွာခံသားများကို ဝါးချွန်များ တုတ်များကိုင်ဆောင်စေပြီးစစ်သားများနှင့်အတူ ထွက်ပြေးသူများကို လိုက်လံဖမ်းဆီးစေခဲ့သည်။ နောက်ဆုံးတွင်ဖမ်းမိသောသူအားလုံးနှင့်တကွ လိုက်ဖမ်းပေးသူရွာသားအများစုကို ဝါးချွန်များဖြင့်ထိုး၍သော်၄င်း ဝါးရင်းတုတ်များဖြင့်ရိုက်နှက် ၍သော်လည်းကောင်း သတ်ဖြတ်ပစ်ခဲ့သည်။ ပျောက်ကျားများနှင့် အဆက်အသွယ်ရှိသည်ဆိုသော ဦးဂျက်ဆင် ဆိုသူကိုလည်း မိသားစုရှေ့တွင်ပင် လာရောက်ဖမ်းဆီးပြီး ရိုက်သတ်ပစ်လိုက်သည်။

ဖေါ်ပြခဲ့သည့်အတိုင်း အစိုးရတပ်က မြစ်၀ကျွန်းပေါ်သို့ပြန်လည်ခြေချနိုင်ရန် ၀င်ရောက်လာသည့်ကေအဲန်အဲလ်အေ မှ အသေခံပျောက်ကျား အားလုံးကို ကျုပင်ခုတ်ကျုငုတ်မကျန်ရှင်းလင်းလိုက်ပြီး နီးစပ်ရာအပြစ်မဲ့ သူတချို့ကိုလဲ သတ်ဖြတ်ပစ်ခဲ့သည်။ အမှန်တွင် ဤမျှနှင့်စစ်တပ်၏တာ၀န်ပိုင်းပြီးဆုံးပြီဖြစ်သည်။ သို့သော် ထိုသို့မဟုတ်ဘဲ အစိုးရတပ်က ဒေသအတွင်းရှိ ကရင်လူထုများစွာကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ကိုမယုံကြည်နိုင်လောက်အောင် လူစိတ်ကင်းမဲ့စွာ ဆက်လက်ကျူးလွန်သည်။ ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီး အသက်ရှင်လျှက်ရှိသေးသူတချို့၏ ဖွင့်ဆိုချက်တချို့ကို အောက်တွင် ဆက်လက်ဖေါ်ပြထားပါသည်။

အောက်တိုဘာလ(၇)ရက်နေ့တွင် ကသမျှင်ရွာမှ ခရစ်ယာန်သင်းအုပ်ဆရာ၊ ရွာလူကြီးများ၊ အစိုးရ၀န်ထမ်းဟောင်းများ လက်ကိုနောက်ပြန်ကြိုးတုတ်၍ စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။ ပထမပိုင်းတွင် ကျား (၁၉)ယောက်နှင့် မ(၂)ယောက်ဖြစ်ပြီး မရှေးမနှောင်းမှာပင် နောက်ထပ်ဆက်တိုက်ဖမ်းဆီးလာသဖြင့် အချုပ်ခန်းတွင်ပြွတ်ကြတ်သွားသည်။ ကသမျှင်သင်းအုပ်ဆရာ၏ပြောပြချက်မှာ သူ့့ကိုဖမ်းဆီးစစ်ဆေးရာတွင် မ၀ကဥက္ကဌနှင့့််တပ်ဖွဲ့ကို ထမင်းကျွေးခဲ့ပြီးသတ်ရန်ကြံစည်ခဲ့သည်ဟု စွတ်စွဲသည်။ ရင်၀ကိုဆောင့်ကန်ခံရသဖြင့် အသက်မရှူနိုင်ဘဲ သတိလစ်သွားသည်။ ညသန်းကောင်အချိန်တွင် အချုပ်ခန်းမှဆွဲထုတ်ပြီး အုတ်ခဲချွန်များပေါ် တွင် ဒူးထောက်နေခိုင်းသည်။ ပုဆိုးကိုလဲဆွဲချွတ်ပြီး မီးရှို့သည်။ ထမင်းကိုမနက်တဆုတ် ညတဆုတ် ရေကိုမနက်တခွက် ညတခွက်တတိုက်သည်။ (၂၈)ရက်လုံးလုံး လက်ပြန်ကြိုးတင်းကြပ်စွာ တုတ်ခြည်ထားသည်။ ဖမ်းဆီးထားသူများစွာကို ကြိုးတချောင်းနှင့် တွဲခြည်ထားသည်။ အိပ်ပျော်ခါနီးတွင် စစ်သားတချို့ကလာခေါ်ပြီး ညှင်းဆဲသည်။ နှိတ်စက်နည်းများတွင် လက်ပြန်ကြိုးတုတ်ပြီး ထုတ်တန်းဆွဲခြင်း၊ ဆေးလိပ်မီးနှင့်တို့ခြင်း၊ ခေါင်းကိုပလပ်စတစ်ဖြင်ူစွတ်ပြီး ရေလောင်းခြင်း၊ ထိုးကျိတ်ကန်ကျောက်ခြင်း၊ အခွန်နှင့်ထိုးခြင်း၊ နားထဲရေလောင်းထည့်ပြီးနရင်းအုပ်ခြင်း၊ ဝါးဆစ်နှင့်ရိုက်ခြင်း၊ ညိုတန်ကျဉ်းကိုသံလုံးဖြင့်ဖိလှိမ့်ခြင်း၊မျက်နှာနှင့် ခြေဖဝါးကိုဓါးနှင့်လှီးခြင်းစသည်တို့ဖြစ်သည်။ စစ်သားတဦးကသူ့ခြေဖဝါးတွင်မှာခရစ်တော်၏ပုံကို ပြပြီး မင်းတို့ရှိခိုးတဲ့ဘာရားက ငါ့ခြေဖဝါးအောက်မှာဘဲရှိတယ်ဟု ပြောဆိုစော်ကားသည်။

အောင်းကုန်းရွာတွင် (၃၄)ဦး အစိုးရတပ်၏သတ်ဖြတ်မှုကိုခံရသည်။ အောင်းကုန်းရွာတဘက်ကမ်းရှိ ကမာဟောက်တွင် ကိုယ့်တွင်းကိုယ်တူးခိုင်းသည်။ တွင်း၀တွင်ဒူးထောက်ထိုင်ခိုင်းပြီး ဘ က်နက်နှင့်ထိုးခြင်း၊ ဝါးတုတ်များဖြင့်ရိုက်ခြင်းအပြင် စပါးရိတ် တံစဉ်နှင့် လည်ပင်းလှီးခြင်းများဖြင့် သတ်ဖြတ်ပြီး တွင်းထဲ ကန်ချလိုက်သည်။ တချို့ကိုချောင်းထဲပစ်ချလိုက်သည်။အမျိုသမီးတဦး ကိုမှားယွင်းသတ်ဖြတ်မိသည်ဟုဆိုကာဗိုလ်မှူးအောင်မျိုးမင်းဆိုသူက ယင်းအမျိုးသမီး၏ သမီး(၂)ဦးအားမွေးစားရန်ခေါ်ဆောင်သွားသည်။ ထိုဗိုလ်မှူးမှာ လူစိတ်ကင်းမဲ့သောစစ်တပ်အတွင်းတွင် မလွန်ဆန်နိုင်ဘဲပါ၀င်နေရသူတဦးထဲကဖြစ်သည်။ အခြားအမျိုးသမီး (၂)ဦးကို သစ်ပင်တွင်ဇောက်ထိုးဆွဲ၍ အောက်မှ မီးခိုးတိုက်သတ်သည်။ အမျိုးသမီးတဦးမှ ရာသီသွေးများကျဆင်းလာပြီး သတိမေ့သွားသည်။ ထိုလူသတ်ပွဲတွင်အထက်အမိန့်အရပါ၀င်ခဲ့ ရသော ရဲဘော်တချို့ယနေ့တိုင် (၂၀၀၆ခုနှစ်) အထိရှိနေသေးသည်။ ဤနေရာတွင် အစီရင်ခံစာ တ၀က်ရှိပြီဖြစ်သည်။ ရင်နင့်စရာကောင်းသောအဖြစ် အပျက်များ နှင့်ပြည့်နှက်နေသည့်နောက်တ၀က်ကို ယခုကဲ့သို့ချုပ်နှုတ်ပြီးနောက်ပိုင်းတွင် ဆက်လက်ဖေါ်ပြပါမည်။ စာရေးသူသည် အရင်ကကြားဖူးခဲ့သည့် ဂျပန်နှင့်ဘီအိုင်အေတပ်တို့၏ရက်စက်ကမ်းကြုတ်လူမဆန်မှုကို မယုံတ၀က် ယုံတ၀က်ဖြစ်ခဲ့ဘူးသည်။ မျက်မှောက်ကာလတွင်ပင်ဤသို့လုပ်နေကြလျှက်ရှိဆဲကို သိရသဖြင့် ထိုခေတ်က ထိုသို့လုပ်ခဲ့ကြမည်မှာ သံသယဖြစ်ဖွယ်မရှိဖြစ်ရလေသည်။

ဂျပန်နှင့်ဘီအိုင်အေတပ်များမြစ်၀ကျွန်းပေါ်ဒေသ ကရင်ရွာများကိုသတ်ဖြတ်ရာတွင် အပြောအများဆုံတခုမှာ ကလေးငယ်များကို မိုးပေါ်မြောက်တင်၍ အောက်မှ ဘက်နက်နှင့်ထိုးခြင်းဖြစ်သည်။ ဖက်ဆစ်ဂျပန်အမျိုးသားအစွန်းရောက်ဝါဒီတို့၏တဘက်သပ်ရက်စက်နည်းမျိုးကို ပုံတူကူးခြင်းဖြစ်သည်။ ဂျပန်စစ်သားများကိုဖမ်းမိသောအခါ ဂျပန်ကဲ့သို့ရက်စက်မှုမျိုးကို အဂ်လိပ်များဘက်က ပြုကျင့်သည့်အလေ့များရှိသည်ကိုမတွေ့ရပါ။ ဆရာစံထကြွစဉ်ကလည်း ဆရာစံနှင့် အဖွဲ့ကိုသာ ဥပဒေအရအရေးယူ ရုံတင်စစ်ဆေးပြီး ကြိုးဒဏ်ပေးခဲ့ခြင်းဖြစ်ခါ ဆရာစံကျက်စားခဲ့ရာဒေသရှိကျေးရွာသူရွာသားအားလုံးကို အလိုတူအလိုပါအဖြစ် သော်၄င်း ဆိုင်ရာလူထုကိုချိမ်းခြောက် အညွန့်ချိုးရန်သော်လည်းကောင်း ရက်ရက်စက်စက်သတ်ဖြတ်ခြင်းမရှိယုံမက ဖမ်းဆီးစစ်ဆေးမှုများကိုပင်မပြုခဲ့ကြပါ။

စစ်တပ်ကဖမ်းဆီးနှိပ်စက်ရာတွင် လူ (၂၀၀)နီးပါး သေကြေခဲ့ပြီး အလောင်းများကိုလဲပြန်မရကြပါပေ။ တလအကြာတွင် အယောက်(၅၀၀)ခန့်ကို အင်းစိန်ထောင်နှင့်မအူပင်ထောင်များသို့ပို့သည်။ ထောင်သို့ပို့ခံရသူများထဲတွင် အစိုးရကျောင်းမှ ကရင်ဆရာ ဆရာမ (၁၆)ဦးပါရှိသည်။ ဆရာမတဦးက သူ့ကိုစစ်ဆေးမေးမြန်းခြင်းမရှိဘဲ ထောင်သို့ပို့ခဲ့သည်ဟုဆိုသည်။

စည်ကြီးရွာနေ စောချာဘေးကို မသင်္ကာမှုနှင့်ထမ်းခေါ်သွားခြင်းမျှသုဖြစ်သော်လည်း မျက်နှာကိုပိတ်စည်းကာ နှိတ်စက်ပြီးနောက် ဓါးနှင့်ထိုးသတ်လိုက်ပါသည်။ မြပဲခူးရွာသယးစောထူးရှီးမှာ နှိပ်စက်ခံရရင်းသေသွားသည်။ ဆိတ်ကြီးရွာသားဦးရှီးလှမှာမူ ကိုယ့်တွင်းကိုယ်တူးရပြီး ပေါက်တူးနှင့် ပေါက်သတ်ခြင်းခံရသည်။ အောင်ကုန်းရွာခရစ်ယန်သင်းအုပ်ဆရာ လေဟန်ကို သဲသောင်ပြင်ပေါ်တွင် ထိတ်တုံးခတ်ပြီး ရေမတိုက် အစားအစာမကြွေးဘဲ နေပူလှမ်းထားခဲ့ပြီး (၃)ရက်အကြာတွင် မချိမဆန့်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူသည် အဖမ်းခံရချိန်တွင် ဖျားနာနေသည်။ ဒေါင့်ကြီးရွာနေ စောအောင်မြ မှာ ကသမျှင်ရွာတဘက်ကမ်းတွင် ကိုယ့်တွင်းကိုတူးရပြီးနောက် ပေါက်တူးဖြင့်ပေါက်သတ်ခြင်းခံရသည်။ သပြေကုန်းရွာနေ ဦးပန်းမြိုင် က ကရင်ပျောက်ကျားများကိုထမင်းကျွေးခဲ့ဘူးသူအဖြစ် နှိတ်စက်သတ်ဖြတ်ပြီးနောက် သူပိုင်ဆိုင်သည့် ပစ္စည်းများနှင့်လယ်ထွန်စက်အပြင် အိမ်ကိုပါဖျက်ပြီး စစ်တပ်ကသိမ်းယူသွားခဲ့သည်။ ဘာမှပတ်သက်ခြင်းမရှိသော ကျောင်းဆရာဦးဖိုးလှမှာနှိတ်စက်ပြီး ရေနှစ်သတ်ခြင်းခံရသည်။

ကွင်းကုန်းရွာနေ အတော်အသင့်ချမ်းသာသူနော်စေးဖေါမှာ မျိုးချစ်စိတ်မြင့်မားသူဖြစ်၍ ကရင်ပျောက်ကျားများစက်လှေများ၀ယ်ယူရာတွင် လိုက်လံပို့ဆောင်ခဲ့သည့်ပြင် ငွေကြေးလဲထောက်ပံ့ပေးသူတဦးဖြစ်သည်။ တကိုယ်လုံးနာကျင်အောင်ရိုက်နှက်ပြီးမှ ရေနွေးပူနှင့်လောင်း သတ်ခြင်းခံရသည်။ စည်လေးရွာနေ တာယိုးယိုးနှင့်အဖေါ်(၂)ဦး ၏ခေါင်းကျေမွနေသောအလောင်း၃ လောင်းကိုရွာသားများတူးဖေါ်တွေ့ရှိသည်။ အောင်ကုန်းရွာမှ လူငယ်(၈)ဦးကိုကြိုးတချောင်းဖြင့်လည်ပင်း တွင်ချည်ပြီး တိရိစ္ဆာန်ကဲ့သို့ဆွဲခေါ်သွားသည်။ တယောက်လဲကျသဖြင့်အားလုံးလိုက်လဲကျသည်။ သူတို့အားလုံးကိုယ့်တွင်းကိုယ်တူးရပြီး ဘက်နက်နှင့်ထိုးသတ်ခြင်းခံရသည်။ လူငယ်လေးတဦးကိုဖမ်းဆီးပြီးဇောက်ထိုးတွဲလောင်းချခါရိုက်နှက်ခါ သေနပ်တွေဘယ်မှာဝှက်ထားသလဲဟုစစ်သည်။ လူငယ်လေးမှာ အဖြစ်အပျက်နှင့်ဘာမှမဆိုင်သူဖြစ်သဖြင့် ဘာမှမဖြေနိုင်သဖြင့် နေ့ညမပြတ်ညှင်းဆဲသည်။ အမေကိုတွေ့ခွင့့်တောင်းသည်ကိုတော့စစ်သား များခွင့်ပြုသည်။ ဘယ်သူမဆို ခုလို အညှင်းဆဲခံရနိုင်ကြောင်းကို အဖမ်းမခံရသော အရပ်သားများသိရှိစေချင်သောသဘောနှင့် တွေ့ခွင့်ပြုခြင်းဖြစ်ဖွယ်ရှိသည်။ မိခင်နှင့်တွေ့သောအခါ အမေ့မှာရှိတဲ့ ကျွဲနွား လယ်မြေတွေအိမ်င်္တေအကုန်ရောင်းပြီး သူ့အားသေနပ်၀ယ်ပေးပါရန် ကျနောမခံနိုင်တော့ဘူးဟု အမေ့အားနာကျင် ကျေကွဲစွာပြောသည်။ ထိုသေနပ်ကိုစစ်သားများအားပေးလိုက်လျှင်သူ့အားဆက်လက်ညှင်းပမ်းမှုမပြုတော့ဟုမျှော်လင့်ချက်ထားရှာသည်။ အမေ့မှာ သားငယ်မကြာမီ ညှင်းဆဲမှုဒဏ်နှင့်အသတ်ခံရတော့မည်ကို သိသဖြင့် ရင်ကွဲခဲ့သည်။

အသက်(၇၀)ကျော်ရှိ အသင်းအုပ်ဆရာတဦးကို ဖမ်းဆီးပြီး အသင်းသားဘယ်နှဦးရှိလဲဟုမေးသည်။ (၃၀၀)ရှိသည်ဟုဖြေသည်။ ကရင်ပျောက်ကျားမှားအကြောင်းကိုမေးမြန်းစစ်ဆေးသောအခါ သူမသိကြောင်းပြောသဖြင့် လူ(၃၀၀) မျက်လုံး(၆၀၀) တောင်ရှိပြီး ဘာမှမမြင်ရကောင်းလားဟုဆဲဆိုကြိမ်းမောင်းခါ ဝိုင်း၀န်းကန်ကျောက်ပြီးခေါင်းကိုလဲသတိမေ့သွားသည် အထိရိုက်နှက်သည်။ မင်းတို့ဘုရား ယေရှုကို ကုန်းအော်ခေါ်လိုက်အုန်းဟူ၍လဲ ဘာသာရေးစော်ကားသည်။ ထိုသင်းအုပ်ဆရာကိုမူ အသက်ကြီးပြီဖြစ်၍ မသတ်ဘဲထားသည်။

ကရင်ကျေးရွာတိုင်းလိုလို ရွာနှင့်မနီးမဝေးတွင် လူသေအလောင်းများမြှုပ်နှံထားသည်ကို ကျန်ရှိသောရွာသားများကနောက်ပိုင်းတွင်တွေ့ရှိသည်။ ထိုကလအတွင်းတွင် အစိုးရစာသင်ကျောင်းအားလုံးကို ပိတ်ထားသည်။ ကရင်လူမျိုးဆရာ ဆရာမ အားလုံးကို စစ်ဆေးမှုမရှိဘဲ ထောင်ချခဲ့ပြီး ကရင်မဟုတ်သောတခြားလူမျိုးဆရာဆရာမများကိုမူ ရွှေ့ပြောင်းခဲ့သည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတချို့ကိုဖျက်ဆီးဖြိုချပစ်ပြီး အတွင်းမှရှိသမျှပစ္စည်းများကိုယူသွားကြသည်။ တချို့ဘုရားကျောင်းများကိုစစ်သားများတည်းခိုကြသည်။ ကသမျှင်ရွာမှ ယောကျာင်္းအားလုံးကို ဘုရားကျောင်းထဲတွင် (၂)လချုပ်ထားပြီး မိန်းမများက ထမင်းလာပို့ပေးရသည်။ လုပ်လက်စလယ်ယာမြေများလဲ ကြည့်ရှုသူမရှိသဖြင့် ပျက်စီးကုန်သည်။

အထက်ဖေါ်ပြပါ မြန်မာစစ်တပ်လူမဆန်စွာကျင့်မှူများသည် မဟာလူမျုးကြီးဝါဒတည်မြဲရေးအတွက် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည်။ ယင်း ပဒေသရာဇ် ဖက်ဆစ် နယ်ချဲ့ဝါဒီစစ်တပ်ကတိုင်းရင်းသားတို့အပေါ် နားရွက်မခတ်ရဲအောင် ချိမ်းချောက် ဖိနင်းထားမှုကို အခွင့်ကောင်းယူလျှက်ပညာရေး၊ ယဉ်ကျေးမှု နယ်ပယ်များကလဲ အနုနည်းများဖြင့် တိုင်းရင်းသားတို့အပေါ် အုပ်စီး မျိုးဖြုတ် စာပေဖျောက် သမိုင်းဖျောက် သေးသိမ် မှေးမှိန် စေရန် နည်းမျိုးစုံဖြင့်လုပ်နေကြသည်ကိုလည်း နေ့စဉ်တွေ့နေရသည်။ တိုင်းရင်းသားတို့ကို သူတို့ဆိုင်ရာစာပေဘာသာစကားကိုသင်ကြားကြရန် အားပေးကြရမည့်အစား မြန်မာစာတခုတည်းကို ဆထက်တန်ပိုးသင်ယူကြရန် အစီအစဉ်မျိုးစုံဖေါ်ထုတ်လျှက် မဟာလူမျိုးကြီးဝါဒကြီးထွားခိုင်မာရေးကိုသာ လုပ်နေကြသည်မှာ စိတ်ပျက်စရာကောင်းလှသည်။

အတုအရောင်ပြည်ထောင်စုစိတ်ဓါတ်ကိုသာ ဝိုင်း၀န်းနေကြသဖြင့် တိုင်းရင်းသားတိုင်း မျိုးချစ်စိတ်မြင့်မားလျှင်မြင့်မားသလို အနေရအထိုင်ရကြပ်သော တိုင်းပြည်တခုဖြစ်လာရေး သို့သာဦးတည်နေသည်။ တိုင်းရင်းသားတို့ကိုကျဉ်းမျောင်းသောလူမျိုးရေးဝါဒီများအဖြစ်သမုတ်လျှက်က မိမိတို့ကသာလျှင် ကမ်းကုန်အောင်ကျဉ်းမျောင်းနေကြသည်။ တိုင်းရင်းသားအားလုံးနှင့်တတိုင်းပြည်လုံးကိုဖျက်ဆီးနေသော ဤမဟာလူမျိုးကြီးဝါဒ ရှိနေသမျှ ကမ္ဘာတည်သရွေ့မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်ပေါ်လာရန် အကြောင်းမရှိသည်ကို စောင့်ကြည့်ကြပါကုန်။

ကရင်သတ်ပွဲ

Author: kuwaiccojja

Rohingya Language Observer

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s